Belkin Product များကို Official Distributor အဖြစ်တင်သွင်းမယ့် iSure Myanmar

Belkin Product များကို Official Distributor အဖြစ်တင်သွင်းမယ့် iSure Myanmar



ယနေ့ခေတ်ဟာ အနာဂါတ်နည်းပညာတွေကို လက်တွေ့အဖြစ် အကောင်အထည်ဖော်ဆောင်နေတဲ့ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ နေ့ရက်တိုင်းဟာ လူတိုင်းအတွက် ခေတ်မှီနည်းပညာတွေကို အသုံးချပြီး နေ့စဥ်ဘဝတွေကို ပိုမိုကောင်းမွန်အောင် ဖော်ဆောင်နိုင်ဖို့ လိုအပ်လာပါတယ်။


အခုလို ခေတ်မှီနည်းပညာတွေကို လူတိုင်းအသုံးချနိုင်ပြီး လုံခြုံစိတ်ချရမှုကို ရရှိစေဖို့အတွက် စိတ်ချရတဲ့ Belkin Product တွေဟာ လူသားတွေအတွက်အဓိကရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ပိုင်းတွေတုန်းက US ၊ Sourthern California ပြည်နယ်အတွင်းရှိ ကားဂိုဒေါင်အတွင်းကနေ စတင်ခဲ့တဲ့ Belkin ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Premium ဆန်ပြီး အရည်အသွေးမြင့်မားတဲ့ Power ၊​ Protection ၊​ Connectivity ၊​ Audio နဲ့ Smart Home Solution Product တွေကို အများအပြားထုတ်လုပ်နေပြီဖြစ်ပါတယ်။


လက်ရှိအချိန်မှာ Belkin Brand ဟာ မြန်မာနိုင်ငံကို တရားဝင်ဝင်ရောက်လာပြီဖြစ်ပြီး မြန်မာနိုင်ငံစျေးကွက်အတွင်းမှာ Apple Product တွေနဲ့ တခြားသော ကုန်ပစ္စည်းတွေကို ရောင်းချနေတဲ့ iSure Technology co. ltd ကနေ Official Authorised Distributor အနေဖြင့် တင်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Belkin Product တွေကို စစ်မှန်တဲ့အရည်အသွေး၊ ပြည့်ဝတဲ့အာမခံတွေနဲ့ စိတ်ချလက်ချ ဝယ်ယူရရှိနိုင်ပါပြီ။​


iSure Technology co. ltd ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းမှာ Apple Product တွေကို ရောင်းချပေးနေသလို ပြန်လည်ပြင်ဆင်မှုတွေကိုလည်း SureFix အမည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဆိုင်ခွဲပေါင်း (၄)​ ဆိုင်အထိရှိနေပြီဖြစ်သလို နောက်ပိုင်းမှာလည်း ဆက်လက်တိုးချဲ့သွားဖို့ စီစဥ်ထားပါတယ်။ iSure Technology co. ltd ကနေ Belkin အပါအဝင် တခြားသော အရည်အသွေးမြင့် Product တွေကို ရောင်းချလျက်ရှိပြီး အခုလိုမျိုး Official Distributor ရရှိသွားတဲ့အတွက် ဝယ်ယူသူတွေအနေဖြင့် စစ်မှန်တဲ့ အာမခံဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။


iSure Technology co. ltd ကနေ တရားဝင်တင်သွင်းရောင်းချနေတဲ့ Belkin Product တွေကို ပြန်လည်ရောင်းချလိုသည့် Reseller တွေအနေဖြင့် +95 9765641213 ကို ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

Belkin Product တွေကို စစ်မှန်တဲ့အာမခံဖြင့်ဝယ်ယူလိုပါက အောက်ပါ Official Store တွေမှာပဲ ဝယ်ယူဖို့လိုအပ်မှာဖြစ်ပါတယ်။​



  • iSure


  • FoodPanda


  • UAB Marketplace


အခုလိုမျိုး Belkin Product တွေကို တရားဝင်ဝယ်ယူထားပါက Warranty အနေဖြင့်** 2 Years Limited Warranty **ကို ရရှိမှာဖြစ်ပါတယ်။ Warranty Process အနေဖြင့်


  • ၂၄ နာရီအတွင်း ပြဿနာဖြစ်ပါက အသစ်တစ်ခုချက်ချင်းပြန်လဲလှယ်ပေးမည်။


  • ၇ ရက်အတွင်း ပြဿနာဖြစ်ပါက ၂၄ နာရီအတွင်း အသစ်တစ်ခုချက်ချင်းပြန်လဲလှယ်ပေးမည်။


  • ၁ လအတွင်း ပြဿနာဖြစ်ပါက အချိန်ကာလ ၄ ပါတ်နှင့် ၆ ပါတ်အတွင်း ဖြေရှင်းပေးမည်။


Updated on: 23/11/2022

Was this article helpful?

Share your feedback

Cancel

Thank you!