Installment Plans
Payment Plans
လစဥ်အရစ်ကျပေးသွင်းဝယ်ယူနိုင်သည့် Installment Plan များ
လစဥ်အရစ်ကျပေးသွင်း၍ ဝယ်ယူလိုသော Customer များအတွက် iSure မှ လွန်စွာလွယ်ကူရိုးရှင်းသော လုပ်ဆောင်ချက်များနှင့်အတူ အလွယ်တကူလျှောက်ထားခွင့် ရရှိနိုင်သည့် Installment အစီအစဥ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အရစ်ကျချိတ်ဆက်ဝယ်ယူနိုင်သည့် Installment အစီအစဥ်များအနေဖြင့်
- AYA Simple Plan
- Rent2Own Myanmar
- MAHAR BAWGA FINANCE
AYA Simple Plan
AYA Credit Card ဖြင့် လစဥ်အရစ်ကျပေးချေစနစ်ဖြစ်တဲ့ SimplePay Installment Plan သုံးမျိုးရှိပါတယ် ၊ (၆)လ၊ (၉)လ နှင့် (၁၂)လ တို့ဖြစ်ပါတယ်။
အနည်းဆုံး ငွေကျပ် (၁သိန်းခွဲ) မှ စတင်အသုံးပြုရမည်ဖြစ်ပြီး ကိုယ်ရွေးချယ်လိုက်တဲ့ Instalment Plan အလိုက် တစ်လလျှင် အတိုးနှုန်း ၁% ဖြင့် သာကျသင့်မှာဖြစ်ပါတယ်။
လစဥ်ကျသင့်သည့် သင့် credit card statement ကို လစဥ်ရှင်းတမ်းများတွင် ဖော်ပြထားမည်ဖြစ်ပြီး လစဥ်သတ်မှတ်ရက်မတိုင်ခင်ပေးဆပ်ရမှာဖြစ်ပါတယ်။
How to apply SimplePay Plan?
- Credit card ဖြင့်ဝယ်ယူပြီး အရစ်ကျ စနစ်ဖြင့်ပြန်လည်ပေးသွင်းမည်ဆိုပါက AYA SimplePay phone No. 09 458588953/ 09 450215345 သို့ ရုံးဖွင့်ရက် (၉) နာရီ မှ (၅) နာရီ အတွင်းဆက်သွယ် အကြောင်းကြားဖို့လိုအပ်ပါတယ်။ ဝယ်ယူမှုကို SimplePay သို့ ပြောင်းလိုပါက Credit Card စာရင်းရှင်းတမ်း မထွက်မှီ အသိပေးရန်လိုပါတယ်။
- Online မှတဆင့်လျှောက်ထားမည်ဆိုပါက https://simplepay.ayabank.com/
How to Apply Credit Card?
နီးစပ်ရာ AYA Bank များတွင် လိုအပ်သောအချက်အလက်များ ယူဆောင်ပြီးလူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
Requirements for Credit Cards
Credit Card လျှောက်ထားမည်ဆိုပါက -
ကုပ္မဏီဝန်ထမ်းများအတွက်
- Credit Card Form
- မှတ်ပုံတင် မိတ္တူ
- အိမ်ထောင်စုစာရင်းမိတ္တူ
- ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ
- လွန်ခဲ့သော (၃) လစာ Salary Pay Slip
- (၆) လအတွင်းရိုက်ကူးထားသော Passport ဓာတ်ပုံ (၂) ပုံ
- ထောက်ခံမည့်သူ (၂) ဦး၏ မှတ်ပုံတင် မိတ္တူ/လက်မှတ်
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်
- Credit Card Form
- မှတ်ပုံတင် မိတ္တူ
- အိမ်ထောင်စုစာရင်းမိတ္တူ
- (၆) လအတွင်းရိုက်ကူးထားသော Passport ဓာတ်ပုံ (၂) ပုံ
- ဘဏ်စာရင်းရှင်းတမ်း
- လုပ်ငန်းရှုံး/မြတ်စာရင်း
- ထောက်ခံမည့်သူ (၂) ဦး၏ မှတ်ပုံတင် မိတ္တူ/လက်မှတ်
အခြားဝင်ငွေအထောက်အထားများရှိပါက ဖော်ပြနိုင်ပါသည်။(အထက်ပါလိုအပ်ချက်များမှာ AYA Bank ၏ လိုအပ်ချက်အတိုင်းသာဖြစ်ပါသည်၊ ပြောင်းလဲမှုများလည်းရှိနိုင်ပါသည်။)
MAHAR BAWGA FINANCE
iPhone, iPad, iWatch, iMac နှင့် MacBook များအား ၆လ၊ ၉လ၊ ၁၂လ အရစ်ကျ၀ယ်ယူနိုင်မည့် အစီအစဥ်
How To Apply?
- အသေးစိတ်အချက်အလက်များကို Mahar Bawga Hotline No-09 68 520 1204 or 09 880 874 428 ဖုန်းများမှတဆင့် ဆက်သွယ်စုံစမ်း၍ ရနိုင်သလို ၊ iSure Facebook Page Messenger မှ တဆင့်လည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းလို့လည်းရနိုင် ပါသည်။
- သို့တွင်သာမက လူကိုယ်တိုင်လာရောက်၍ iSure ဆိုင်ခွဲများတွင် လိုအပ်သော အချက်အလက်များအား ယူဆောင်လာပြီး installment plan အားလည်းရယူနိုင်ပါသည်။
Requirements
အဓိကလိုအပ်သော အချက်များကိုဦးစားပေးဖော်ပြရလျှင် -
- မှတ်ပုံတင် (မူရင်း)
- သန်းခေါင်စာရင်း (မူရင်း)
- ဝန်ထမ်းကတ်
- Letter Head ဖြင့်ထောက်ခံချက်
- (၄)သိန်းနှင့်အထက်ကျော်သောအရစ်ကျချေးငွေများအတွက် လစာဘေလ်စလစ်
- ရပ်ကွက်ထောက်ခံစာ (သို့) မီတာစာရွက်
- SME လုပ်ငန်းများအတွက် - အခွန်ဆောင်ထားသောစာရွက်စာတမ်း
အာမခံမည့်သူလိုအပ်သောအချက်များ
- မှတ်ပုံတင် (မူရင်း)
- သန်းခေါင်စာရင်း (မူရင်း)
- ဝန်ထမ်းကတ်
- SME လုပ်ငန်းများအတွက် - အခွန်ဆောင်ထားသောစာရွက်စာတမ်း
လုပ်ငန်းလုပ်ဆောင်သော အမျိုးအစားအလိုက် စာရွက်စာတမ်းလိုအပ်ချက်များ အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။
Processing Time
- အရစ်ကျဝယ်ယူရန် လျှောက်ထားပြီး (၃) နာရီ မှ (၄) နာရီ အတွင်း ခွင့်ပြုချက်ရရှိနိုင်ပါသည်။ (ရုံးဖွင့်ရက်များအတွင်းသာ)
(လျှောက်ထားသောအချက်အလက်များပြည့်စုံမှုနှင့် Mahar Bawga ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။)
Approval Loan Account
- ကိုယ်ပိုင်၀င်ငွေ၏ တစ်ဆ ( သို့ ) တစ်ဆခွဲရှိနိုင်ပါသည်။
(Mahar Bawga ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်သည်။)
Down Payment
- မိမိ၀ယ်ယူမည့် Device အပေါ်မူတည်၍ Cash Down payment ပေးသွင်းမှုကွဲပြားနိုင်ပါသည်။
- Cash Down Payment အနေဖြင့် အနည်းဆုံး ( ၂၀ ) ရာခိုင်နှုန်းမှ စတင်ပေးသွင်းနိုင်ပါသည်။
Interest Rate
- အတိုးနှုန်းထားနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက MHBF ၏ Hotline No-09 68 520 1204 or 09 880 874 428 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Remark
မှတ်ချက်။ ။ အထက်ပါဖော်ပြအချက်များအားလုံးသည် Mahar Bawga မှ သတ်မှတ်ထားသော အချက်အလက်များသာ မှီငြမ်း၍ ဖော်ပြထားခြင်းဖြစ်ပြီး အချိန်ကာလအလျောက်ပြင်ဆင်ပြောင်းလဲမှုများလည်းရှိနိုင်ပါသည်။
Installment Plan များနှင့် လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက် ကျွန်တော်တို့ Customer Service မှ ရှင်းပြပေးရန်အဆင်သင့်ရှိနေပါတယ်။ Hotline Phone No. 09 969 911 666 ကို ရုံးချိန်အတွင်း (9:00) am မှ (8:00) pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
"သင့်ရဲ့ မေးမြန်းမှုများကိုဖြေကြားပေးဖို့ အမြဲအသင့်ရှိနေတဲ့ Online Customer Service"
Updated on: 22/11/2022
Thank you!
