iOS 16 Home Screen က Search Button ကို ဘယ်လိုဖြုတ်မလဲ…?

iOS 16 Home Screen က Search Button ကို ဘယ်လိုဖြုတ်မလဲ…?


iOS 16 တင်ပြီ: ကိုယ့် Lock Screen နဲ့ Home Screen ကို စိတ်ကြိုက်ပြင်ဆင်ပြီးပေမယ့် Home Screen ပေါ်မှာ Search Button အသစ်တစ်ခုဝင်ရောက်လာလို့ ရုပ်ဆိုးတယ်လို့ မြင်နေပါသလား…။

ပုံမှန်အားဖြင့် iPhone တွေမှာ တစ်ခုခုကို ရှာဖွေဖို့အတွက် Spotlight Search ကို Home Screen မှာ အပေါ်ကနေ အောက်ကို Screen အလယ်နားမှာ Swipe ပြုလုပ်လိုက်ရုံဖြင့် အသုံးပြုနိုင်ပေမယ့် iOS 16 မှာတော့ ပိုမိုလွယ်ကူအောင် Search Button ပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဒီလိုမျိုး Search Button ပေါ်နေတာကို မကြိုက်ဘူးဆိုရင် ပုံမှန်အတိုင်းပြန်ဖြစ်အောင် ဖြုတ်လို့ရပါတယ်။ ပြုလုပ်ရမယ့်အဆင့်တွေကတော့ Settings ထဲဝင်ရောက်ပြီး Home Screen ကို ဝင်ရောက်ပါ။ အဲ့ဒီကနေ အောက်ဆုံးမှာရှိတဲ့ Search ကို “Show on Home Screen” ဆိုတဲ့ Option ကို Disabled ပြုလုပ်လိုက်ရမှာဖြစ်ပါတယ်။


Updated on: 23/11/2022

Was this article helpful?

Share your feedback

Cancel

Thank you!