iPhone 14 မှာ အသစ်ပါလာတဲ့ Action Mode ကို ဘယ်လိုအသုံးချမလဲ…?

iPhone 14 မှာ အသစ်ပါလာတဲ့ Action Mode ကို ဘယ်လိုအသုံးချမလဲ…?


Apple ရဲ့ နောက်ဆုံးပေါ် iPhone 14 Series ဖုန်းတွေမှာ Camera Video Mode အသစ်တစ်ခုဖြစ်တဲ့ Action Mode ပါဝင်လာတယ်ဆိုတာကို သိပြီးဖြစ်မှာပါ။ အခုလိုမျိုး Action Mode ပါဝင်လာတာကြောင့် လှုပ်ရှားနေတဲ့ Subject တွေကို လုံးဝ Gimbal နဲ့ရိုက်ကူးထားတဲ့အတိုင်း ငြိမ်နေအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် iPhone 14 Series ဖုန်းတွေကို သုံးနေပြီဆိုရင် အသစ်ပါဝင်လာတဲ့ Action Mode ကို ဘယ်လိုအသုံးချရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…။

အရင်ဆုံးအနေနဲ့ Camera App အတွင်းကို ဝင်ပြီး Video ကို ရွေးချယ်လိုက်ပါ။ Screen ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Action Mode Icon လေးကို နှိပ်လိုက်တာနဲ့ Action Mode ဖြင့် ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်။

Action Mode ကို အမြင့်ဆုံး 2.8K Resolution အထိရိုက်ကူးနိုင်သလို Frame Rate ကလည်း 60fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Action Mode နဲ့ Indoor တွေရိုက်ကူးတဲ့အချိန်မှာ အလင်းရောင်မလုံလောက်တဲ့ “More Light Required” ဆိုတဲ့ Warning ပေါ်နေတယ်ဆိုရင် ဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုလည်းရှိပါသေးတယ်။ ဒီအတွက်ကတော့ Settings – Camera အတွင်းကို ဝင်ရောက်ပြီး Record Video – Action Mode Lower Light ကို Enable ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။


Updated on: 23/11/2022

Was this article helpful?

Share your feedback

Cancel

Thank you!